လာလည်ကြသူပေါင်း ချမ်းသာသုနဲ့ပြည်စုံကြပါစေ..........

Monday, August 11, 2008

ကြောက်တက်သူတွေရှားတဲ့မြို့


ကြောက်တက်သူတွေမလာရလို့
ခြင်္သေ့လေသံ နဲ့
လာသမျှလူကို ဆရာလုပ်ချင်တယ်…

လမ်းလျှောက်နေတဲ့သူတွေကို
လမ်းပျောက်အောင်လဲလုပ်တက်ရဲ့
အဖြူရောင် စားပွဲထိုးတယောက်ကို
ကာရာအိုကေအမှောင်ကိုလည်းပို့တက်တယ်…..

တိုင်းပြည်ချစ်တဲ့သူတွေကိုလည်း
မျက်ကန်းဖြစ်အောင်လုပ်ပစ်တက်တယ်
စက်ရုံအလုပ်သမလေးရဲ့ လခ ကိုလည်း
တောင်းယူတက်တယ်…..

ပန်းရံအလုပ်သမားတယောက်ရဲ့ညတွေကိုလည်း
ချုပ်နှောင်ထားတယ်
မိမဲ့ဖမဲ့ကလေးတယောက်ကိုလည်း
ပုံစံခွက်ထဲသွပ်သွင်းဖို့လဲ လုပ်တက်တယ်……

ဇါတ်တူသားစားတဲ့ ဟင်္သာတွေကိုလဲ
အတောင်တပ် အစာကျွေး မွေး..ထားတယ်
အနုပညာသမားတယောက်ရဲ့ဘ၀ကို
ဖန်ခွက်ထဲမှာလဲ ထည့်ထားတက်တယ်….

အဇ္ဇျတ္တ စိတ်ရိုင်းတွေကို
ထင်တိုင်းကျဲခွင့်ပေးတယ်

အဲဒီလိုနဲ့ ဒီမြို့ကြီးမှာ
ကြောက်တက်သူတွေတောင်
ရှားပါးသွားခဲ့ပြီ….


မင်းလွမ်းနောင်

0 Comments:

 

blogger templates 3 columns | Making Money Online