လာလည်ကြသူပေါင်း ချမ်းသာသုနဲ့ပြည်စုံကြပါစေ..........

Wednesday, January 14, 2009

အလင်းပြကြယ်

ပန်းတနော်နွယ်ဖွား ဧရာကျွန်းသား

တောကျောင်း ဒေါင့်ကြီး

မြစ်ပြင်အဝ ဘဝအစမှာ

ထွန်းလင်းတောက်ပ

အလင်းမလောက်ငှပေမဲ့

သူ့အဆင်း တောက်ပခဲ့တယ်……၊

ရိုးသားမှု အကြင်နာနဲ့

အနှိမ်ခံဘဝတွေကို တော်လှန်

ဧရာဝတီကို ဆန်တက်ခဲ့တဲ့

အလင်းပြကြယ်…….၊

ယုံကြည်ချက် သစ္စာနဲ့

ရဲရင့်သူတို့ သမိုင်းကို

တော်လှန်သူတို့ မြေမှာ

ကျောက်တိုင်တခု စိုက်ထူခဲ့တယ် ….၊

အကြွေစောလို့ နှမျောပေမဲ့

ဖြတ်သန်းခဲ့ရာတလျှောက်လုံးမှာ

ပေးခဲ့မေတ္တာ ထားသစ္စာနဲ့

ချခဲ့တဲ့မျိုးစေ့ သမိုင်းရဲ့ နေ့တွေကို

သူ.. ရေးခြစ်ခဲ့တယ်။

သူသည် မန်းရှာ…. တဖန် ရေဆန်

သုခုမမြောက်တဲ့ တော်လှန်မြေရဲ့

အလင်းပြကြယ်………….၊

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အမျိုးဖျက်လောက်တို့၏ လုပ်ကြံခြင်းခံလိုက်ရသည့် ကရင်အမျိုးသားအစည်းအရုံးအထွေထွေအတွင်းရေးမှူး ပဒိုမန်းရှားလားဖန်း သို့ အမှတ်တရ။

၁၄.၁.၂၀၀၉။

မင်းလွမ်းနောင်

(ပန်းဧရာ)

0 Comments:

 

blogger templates 3 columns | Making Money Online