လာလည်ကြသူပေါင်း ချမ်းသာသုနဲ့ပြည်စုံကြပါစေ..........

Friday, July 31, 2009

နှစ်(၂၀)ကျော် ဒဏ်ရာ


ဒီဒဏ်ရာ

အနာပုပ်ကိုဘဲ

ခဏ ခဏ

ပြည်ညှစ်ထုတ်နေရ ….၊


အနာနဲ့ ဆေး

နှစ်ခါတွေ့ပေမဲ့

အမြစ်မပြတ်

အတွင်းလိုက်စား

နှစ်ပေါင်း ၂၀ ကျော်သွားပေါ့ …၊


ဝေဒနာ သက်သာဖို့က

ဘုရားကုနဲ့မရတော့

အတွင်းသား ဖဲ့ထုတ် …၊


လိုအပ်ရင်

ဖြတ်မလား….

သတ်မလား….

ကြိုက်ရာကိုသာ

စဉ်းစားရွေးကြပေတော့ ….၊



( မင်းလွမ်းနောင်)

ဆက်လက်ဖတ်ရှုရန်...

 

blogger templates 3 columns | Making Money Online