လာလည်ကြသူပေါင်း ချမ်းသာသုနဲ့ပြည်စုံကြပါစေ..........

Thursday, November 29, 2007

အတ္တကြီးသူများသို့

မပြေလည်မွန်းကျပ်တဲ့ ဘ၀ကိုစွန့်ခွာ
မျှတတဲ့ လွတ်လပ်မှုတွေကို
တောင်းတ တပ်မက်လွန်းလို့
ကျနော်ဟာ …
အိပ်ယာအသစ်ရှာဖို့
အဝေးကို ပြေးထွက်ခဲ့သူ တယောက်ပါ။

တကယ်ပါ
ဗိုလ်နေ၀င်းဆိုတဲ့ စစ်အာဏာရူး
အာဏာသိမ်းပြီး
ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ
ကြီးပြင်းလာခဲ့ရသူ တယောက်ပေမို့
အစစအရာရာ
အတွေ့အကြုံတွေကလည်း
ပြည့်စုံလုံလောက်အောင်
ပါမလာခဲ့တာကတော့အမှန်။

အဲ့ဒီနောက် …
ဆက်လှန်လာခဲ့တဲ့ စာမျက်နှာတွေမှာတော့
အတွေ့အကြုံကောင်းတချို့
ဘ၀အတွက် ဗဟုသုတကောင်းတချို့
ကောင်းကောင်းကြီး ထပ်တိုးလာခဲ့တာကတော့
တကယ့် အမှန်တရားပါ။

ယဉ်ကျေးသိမ်မွေ့ချင်ပါတယ်
ဒါပေမဲ့ ဘ၀အတွေ့အကြုံတချို့အရ
တကိုယ်ကောင်း အတ္တကြီးသူတွေအတွက်
ခပ်ရင့်ရင့် စကားလုံးတွေကို
ကျုပ် သုံးပါရစေ
ကျုပ်သုံးတဲ့ စကားလုံးတွေကို
မိတ်ဆွေနားလည်မှုပေးပြီး
ကျုပ်ကဗျာကို
နှလုံးသားနဲ့ ဖတ်ကြပါလေ …။

လက်ရှိဖြစ်တည်နေတဲ့ဒီဘ၀မှာ
ကျုပ်လေ…. ငရဲဆိုတာကို
မရောက်ဖူးခဲ့ပါ
ဒါပေမဲ့ …
အဲ့ဒီ စနစ်ဆိုးရဲ့အောက်မှာ
သိနားလည်သူတွေ ခံစားနေရတာ
ငရဲတမျှ ပူပြင်းလှတာ
အမှန်ပါ … အမှန်ပါ
တကယ်ဆိုရင် …
အမှားပြုမိတတ်ကြတာ
လောကရဲ့ သဘာဝပေမို့
လောကီသားတိုင်း
အနည်းနဲ့ အများဆိုသလို
အမှားနဲ့မကင်း တတ်ကြတာ
လောကရဲ့သဘာဝပါ။

ဒါပေမဲ့ကွာ …
အမှားကိုသိပြီး
အမှန်ကို မပြင်နိုင်
တကိုယ်ကောင်း အတ္တကြီးစိုးလွန်းပြီး
ဆင်ကန်းတောတိုး
သိရက်နဲ့ ဆက်မိုက်နေကြသူတွေကိုတော့
ကျုပ် ရွံ့မုန်း မုန်းတဲ့
စာရင်းမှာ ထည့်ထားရဲ့။

ဆက်လျှောက်နေအုံးမှာပါ …
ခရီးလမ်းတွေ
ဆုံးသည့်အထိပေါ့
တိုက်ခိုက်ရအုံးမယ်
အမှန်တရားဆိုတဲ့
မျှတတဲ့ လွတ်လပ်မှုအတွက်
ကြည့်လိုက်စမ်းပါ
ရိုင်းလိုက်တာကွာ
ကိုယ့်ကိုယ်ကို စိတ်မလုံ
ကိုယ့် ကိုယ်ကျင့်တရားကိုတောင်
ကိုယ် မယုံကြည်ကြသူတွေ
တခါတလေလည်း ဒင်းတို့က
စာမျက်နှာတွေကို
တရွက်ခြင်းကျေအောင် မဖတ်
စာမျက်နှာတွေကို
အထပ်လိုက်အထပ်လိုက် ကျော်လှန်ဖို့
အကြိမ်ကြိမ်အခါခါ
ကြိုးစားနေကြလေရဲ့။ အထီးကျန် မဟုတ်ဘူးဟေ့ …
အသိုင်းအ၀ိုင်းနဲ့ကွ
အာဏာကို သေနတ်ပြောင်းကထုတ်
ပြည်သူတွေကို
အကြောက်တရားနဲ့ အုပ်ချုပ်နေသူတွေကို
ရရာလက်နက်ကိုကိုင်
ကျရာအခန်းက
အမြစ်ပြုတ်အောင် တော်လှန်သွားမယ် …။ ။
ဇာနည်မောင်

0 Comments:

 

blogger templates 3 columns | Making Money Online