လာလည်ကြသူပေါင်း ချမ်းသာသုနဲ့ပြည်စုံကြပါစေ..........

Friday, July 31, 2009

နှစ်(၂၀)ကျော် ဒဏ်ရာ


ဒီဒဏ်ရာ

အနာပုပ်ကိုဘဲ

ခဏ ခဏ

ပြည်ညှစ်ထုတ်နေရ ….၊


အနာနဲ့ ဆေး

နှစ်ခါတွေ့ပေမဲ့

အမြစ်မပြတ်

အတွင်းလိုက်စား

နှစ်ပေါင်း ၂၀ ကျော်သွားပေါ့ …၊


ဝေဒနာ သက်သာဖို့က

ဘုရားကုနဲ့မရတော့

အတွင်းသား ဖဲ့ထုတ် …၊


လိုအပ်ရင်

ဖြတ်မလား….

သတ်မလား….

ကြိုက်ရာကိုသာ

စဉ်းစားရွေးကြပေတော့ ….၊



( မင်းလွမ်းနောင်)

ဆက်လက်ဖတ်ရှုရန်...

Saturday, March 14, 2009

မိုက်မဲတဲ့ ငါ...


မိုက်မဲလိုက်တဲ့ ငါ
ခဏလေးမြင် အရိပ်ထင်
စွဲလမ်းမှုက အတ္တတွေကို
မီးမောင်းထိုးလိုက်သလို.....၊

မိုက်မဲလိုက်တဲ့ ငါ
ဆူပွက်လှုပ်ရှား အသွေးသားကို
ဈေးကစားဖို့ အရေး
ခဏ ခဏ တွေးမိ...၊

မိုက်မဲလိုက်တဲ့ ငါ
အဖြူချယ်ထားလျှက်
အမှောင်ထဲကို တိုးတရွေ့ရွေ့
အတ္တတစ္ဆေ ခြောက်နေသလိုပေါ့

(မင်းလွမ်းနောင်)

ဆက်လက်ဖတ်ရှုရန်...

Wednesday, January 14, 2009

အလင်းပြကြယ်

ပန်းတနော်နွယ်ဖွား ဧရာကျွန်းသား

တောကျောင်း ဒေါင့်ကြီး

မြစ်ပြင်အဝ ဘဝအစမှာ

ထွန်းလင်းတောက်ပ

အလင်းမလောက်ငှပေမဲ့

သူ့အဆင်း တောက်ပခဲ့တယ်……၊

ရိုးသားမှု အကြင်နာနဲ့

အနှိမ်ခံဘဝတွေကို တော်လှန်

ဧရာဝတီကို ဆန်တက်ခဲ့တဲ့

အလင်းပြကြယ်…….၊

ယုံကြည်ချက် သစ္စာနဲ့

ရဲရင့်သူတို့ သမိုင်းကို

တော်လှန်သူတို့ မြေမှာ

ကျောက်တိုင်တခု စိုက်ထူခဲ့တယ် ….၊

အကြွေစောလို့ နှမျောပေမဲ့

ဖြတ်သန်းခဲ့ရာတလျှောက်လုံးမှာ

ပေးခဲ့မေတ္တာ ထားသစ္စာနဲ့

ချခဲ့တဲ့မျိုးစေ့ သမိုင်းရဲ့ နေ့တွေကို

သူ.. ရေးခြစ်ခဲ့တယ်။

သူသည် မန်းရှာ…. တဖန် ရေဆန်

သုခုမမြောက်တဲ့ တော်လှန်မြေရဲ့

အလင်းပြကြယ်………….၊

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အမျိုးဖျက်လောက်တို့၏ လုပ်ကြံခြင်းခံလိုက်ရသည့် ကရင်အမျိုးသားအစည်းအရုံးအထွေထွေအတွင်းရေးမှူး ပဒိုမန်းရှားလားဖန်း သို့ အမှတ်တရ။

၁၄.၁.၂၀၀၉။

မင်းလွမ်းနောင်

(ပန်းဧရာ)

ဆက်လက်ဖတ်ရှုရန်...

Monday, August 11, 2008

ကြောက်တက်သူတွေရှားတဲ့မြို့


ကြောက်တက်သူတွေမလာရလို့
ခြင်္သေ့လေသံ နဲ့
လာသမျှလူကို ဆရာလုပ်ချင်တယ်…

လမ်းလျှောက်နေတဲ့သူတွေကို
လမ်းပျောက်အောင်လဲလုပ်တက်ရဲ့
အဖြူရောင် စားပွဲထိုးတယောက်ကို
ကာရာအိုကေအမှောင်ကိုလည်းပို့တက်တယ်…..

တိုင်းပြည်ချစ်တဲ့သူတွေကိုလည်း
မျက်ကန်းဖြစ်အောင်လုပ်ပစ်တက်တယ်
စက်ရုံအလုပ်သမလေးရဲ့ လခ ကိုလည်း
တောင်းယူတက်တယ်…..

ပန်းရံအလုပ်သမားတယောက်ရဲ့ညတွေကိုလည်း
ချုပ်နှောင်ထားတယ်
မိမဲ့ဖမဲ့ကလေးတယောက်ကိုလည်း
ပုံစံခွက်ထဲသွပ်သွင်းဖို့လဲ လုပ်တက်တယ်……

ဇါတ်တူသားစားတဲ့ ဟင်္သာတွေကိုလဲ
အတောင်တပ် အစာကျွေး မွေး..ထားတယ်
အနုပညာသမားတယောက်ရဲ့ဘ၀ကို
ဖန်ခွက်ထဲမှာလဲ ထည့်ထားတက်တယ်….

အဇ္ဇျတ္တ စိတ်ရိုင်းတွေကို
ထင်တိုင်းကျဲခွင့်ပေးတယ်

အဲဒီလိုနဲ့ ဒီမြို့ကြီးမှာ
ကြောက်တက်သူတွေတောင်
ရှားပါးသွားခဲ့ပြီ….


မင်းလွမ်းနောင်

ဆက်လက်ဖတ်ရှုရန်...

Thursday, November 29, 2007

အတ္တကြီးသူများသို့

မပြေလည်မွန်းကျပ်တဲ့ ဘ၀ကိုစွန့်ခွာ
မျှတတဲ့ လွတ်လပ်မှုတွေကို
တောင်းတ တပ်မက်လွန်းလို့
ကျနော်ဟာ …
အိပ်ယာအသစ်ရှာဖို့
အဝေးကို ပြေးထွက်ခဲ့သူ တယောက်ပါ။

တကယ်ပါ
ဗိုလ်နေ၀င်းဆိုတဲ့ စစ်အာဏာရူး
အာဏာသိမ်းပြီး
ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ
ကြီးပြင်းလာခဲ့ရသူ တယောက်ပေမို့
အစစအရာရာ
အတွေ့အကြုံတွေကလည်း
ပြည့်စုံလုံလောက်အောင်
ပါမလာခဲ့တာကတော့အမှန်။

အဲ့ဒီနောက် …
ဆက်လှန်လာခဲ့တဲ့ စာမျက်နှာတွေမှာတော့
အတွေ့အကြုံကောင်းတချို့
ဘ၀အတွက် ဗဟုသုတကောင်းတချို့
ကောင်းကောင်းကြီး ထပ်တိုးလာခဲ့တာကတော့
တကယ့် အမှန်တရားပါ။

ယဉ်ကျေးသိမ်မွေ့ချင်ပါတယ်
ဒါပေမဲ့ ဘ၀အတွေ့အကြုံတချို့အရ
တကိုယ်ကောင်း အတ္တကြီးသူတွေအတွက်
ခပ်ရင့်ရင့် စကားလုံးတွေကို
ကျုပ် သုံးပါရစေ
ကျုပ်သုံးတဲ့ စကားလုံးတွေကို
မိတ်ဆွေနားလည်မှုပေးပြီး
ကျုပ်ကဗျာကို
နှလုံးသားနဲ့ ဖတ်ကြပါလေ …။

လက်ရှိဖြစ်တည်နေတဲ့ဒီဘ၀မှာ
ကျုပ်လေ…. ငရဲဆိုတာကို
မရောက်ဖူးခဲ့ပါ
ဒါပေမဲ့ …
အဲ့ဒီ စနစ်ဆိုးရဲ့အောက်မှာ
သိနားလည်သူတွေ ခံစားနေရတာ
ငရဲတမျှ ပူပြင်းလှတာ
အမှန်ပါ … အမှန်ပါ
တကယ်ဆိုရင် …
အမှားပြုမိတတ်ကြတာ
လောကရဲ့ သဘာဝပေမို့
လောကီသားတိုင်း
အနည်းနဲ့ အများဆိုသလို
အမှားနဲ့မကင်း တတ်ကြတာ
လောကရဲ့သဘာဝပါ။

ဒါပေမဲ့ကွာ …
အမှားကိုသိပြီး
အမှန်ကို မပြင်နိုင်
တကိုယ်ကောင်း အတ္တကြီးစိုးလွန်းပြီး
ဆင်ကန်းတောတိုး
သိရက်နဲ့ ဆက်မိုက်နေကြသူတွေကိုတော့
ကျုပ် ရွံ့မုန်း မုန်းတဲ့
စာရင်းမှာ ထည့်ထားရဲ့။

ဆက်လျှောက်နေအုံးမှာပါ …
ခရီးလမ်းတွေ
ဆုံးသည့်အထိပေါ့
တိုက်ခိုက်ရအုံးမယ်
အမှန်တရားဆိုတဲ့
မျှတတဲ့ လွတ်လပ်မှုအတွက်
ကြည့်လိုက်စမ်းပါ
ရိုင်းလိုက်တာကွာ
ကိုယ့်ကိုယ်ကို စိတ်မလုံ
ကိုယ့် ကိုယ်ကျင့်တရားကိုတောင်
ကိုယ် မယုံကြည်ကြသူတွေ
တခါတလေလည်း ဒင်းတို့က
စာမျက်နှာတွေကို
တရွက်ခြင်းကျေအောင် မဖတ်
စာမျက်နှာတွေကို
အထပ်လိုက်အထပ်လိုက် ကျော်လှန်ဖို့
အကြိမ်ကြိမ်အခါခါ
ကြိုးစားနေကြလေရဲ့။ အထီးကျန် မဟုတ်ဘူးဟေ့ …
အသိုင်းအ၀ိုင်းနဲ့ကွ
အာဏာကို သေနတ်ပြောင်းကထုတ်
ပြည်သူတွေကို
အကြောက်တရားနဲ့ အုပ်ချုပ်နေသူတွေကို
ရရာလက်နက်ကိုကိုင်
ကျရာအခန်းက
အမြစ်ပြုတ်အောင် တော်လှန်သွားမယ် …။ ။
ဇာနည်မောင်

ဆက်လက်ဖတ်ရှုရန်...

 

blogger templates 3 columns | Making Money Online